SCF မှာ ကမ်ပိန်းတင်မယ်ဆိုရင်…

ဖေ့စ်ဘွတ်ခ်မှာမျှဝေပါ
တယ်လီဂရမ်မှာမျှဝေပါ

5 reactions

SCF မှာ ကမ်ပိန်းတင်ချင်တဲ့ အဖွဲ့အစည်းများနဲ့ တဆင့် လမ်းညွှန်ပေးချင်တဲ့ အကြည်ဓာတ်လေးတွေအတွက် ကြိုတင်သိထားစေချင်တဲ့ အချက်လေးတွေကို ဒီပို့စ်လေးမှာ မျှဝေပေးချင်ပါတယ်

SCF ဟာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို အထူးတန်ဖိုးထားတာမို့ လာရောက်လျှောက်ထားတဲ့ ကမ်ပိန်းတိုင်းကို စည်းကမ်းချက်တွေနဲ့အညီ စနစ်တကျ စိစစ်ပေးပါတယ်
ဒါကြောင့် လုပ်ငန်းစဉ်တွေ ပိုမိုမြန်ဆန်ချောမွေ့သွားအောင် အပြည့်အဝ တာဝန်ယူ အာမခံပေးနိုင်တဲ့ အစိုးရတာဝန်ရှိသူ / SDM RM / NOH Agent / OFP FR များနဲ့ ချိတ်ဆက်ပြီး လာတင်ဖို့ အကြံပြုချင်ပါတယ်
မြေပြင်လိုအပ်ချက်တွေကို အပြည့်အဝ နားလည်ပေမဲ့ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး သိပ်မဖြစ်စေဖို့ ငဲ့ညှာရတဲ့အပိုင်းတွေလည်း ရှိပါတယ်။ ဒါကြောင့် တချို့ကမ်ပိန်းတွေကို အချိန်တစ်ခုအထိ စောင့်ဆိုင်းခိုင်းရတာ၊ မတတ်သာဘဲ ငြင်းပယ်လိုက်ရတာမျိုးတွေ ရှိလာရင်လည်း နားလည်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် ❤
ပန်းတိုင်ရောက်တဲ့အထိ စုပေါင်းအင်အားနဲ့ အတူတူ ဆက်ချီတက်ကြမယ်နော် ✊
SCF