ကလေး ၁၈၀ အားလုံးရဲ့ စိတ်ဓာတ်တွေပါပြိုလဲသွားနိုင်တယ်.. ကျွန်မတို့ကျောင်းကြီးကိုသာ ပိတ်လိုက်ရမယ်ဆိုရင်

ဖေ့စ်ဘွတ်ခ်မှာမျှဝေပါ
တယ်လီဂရမ်မှာမျှဝေပါ

 

ယခုကမ်ပိန်းလေးသည်
Dove KK အဖွဲ့မှ ဦးစီးဖွင့်လှစ်ထားသောကိန္နရီပညာရေးစင်တာ တွင် ပညာသင်ကြားနေသောကျောင်းသား/ကျောင်းသူလေးများ အခက်အခဲမရှိ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် အရေးပေါ်လိုအပ်နေသော ကျောင်းအသုံးစရိတ်များရရှိနိုင်ရန် ရည်ရွယ်ထားပါသည်။

ပြည်တွင်း စစ်ဒဏ် ခံနေရသော ရှမ်းပြည်နယ် နှင့် ကရင်နီ ဒေသအတွင်းရှိ စစ်ဘေးရှောင် ကလေးများဆက်လက်ပညာသင်ကြားခွင့်ရရှိရန် ခက်ခဲနေသော အခြေအနေများကြုံတွေ့နေရသည်ကို တွေ့မြင်ရသောကြောင့် တစ်ဖက်တလမ်းမှ အထောက်အပံ့ကောင်းတခူဖြစ်လာစေရန် 2022ဇွန်လ ၆ရက်နေ့ မှ CDM ဆရာ/ဆရာမ (၆) ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော DoveKK ပညာရေးအဖွဲ့ဟုခေါ်သော Team ကို2025 ခုနှစ် ဖေဖော်ဝါရီ လ ၁ရက်နေ့တွင်
ကိန္နရီပညာရေးစင်တာ ဟု ပြန်လည်တိုးချဲ့ ဖွဲ့စည်းကာ ကျောင်းဆောက်ပညာသင်ကြားပေးနိုင်ခဲ့သည် ။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တွင် ကျောငိးသားကျောင်းသူပေါင်း ၉၁ဦး အောင်မြင်ပြီးစီးခဲ့ပီး
Grade -12 တွင်
၅ဘာသာဂုဏ်ထူး၂ဦး
၃ ဘာသာ ဂုဏ်ထူး၃ဦး
၂ဘာသာဂုဏ်ထူး၃ဦး
အောင်ချက်ရာခိုင်နှုန်း အားဖြင့် ၉၆ ရာခိုင်နှုန်း ရရှိခဲ့ပါသည် ။

ယခု ၂၀၂၆-၂၀၂၇ စာသင်နှစ်တွင် ကျောင်းသားကျောင်းသူပေါင်း ၁၈၀ ဦး ကို သင်ကြားပေးနေသည် ဖြစ်သည်

• ရင်ဆိုင်နေရသောအခက်အခဲများ
စစ်ပွဲများကြောင့် အိမ်များတွင်နေထိုင်ရန်ခက်ခဲပြီးကျောင်းကိုသားအာကိုးနေထိုင်ရသောကလေးများဖြစ်သည့်အားလျော်စွာ လစဉ် အခြေခံရိက္ခာ ၊ဆေးဝါးနှင့် ကျောင်းသုံး စရိတ်များ လိုအပ်ခြင်း၊ရေဝယ်သုံးရသော အခက်အခဲများ၊သင်ထောက်ကူ ပစ္စည်းမလုံလောက်မှူများ ၊လုံခြုံရေးအခက်အခဲများ

• ပါဝင်ခြင်းအကျိုးများ
ပညာသင်နှစ်ပြီးဆုံးရန်လိုအပ်နေသေးသော်လည်း ကျောင်းတွင်းပညာရေး အသုံးစရိတ်ငွေမှာ ပညာသင်နှစ်ပြီးဆုံးသည်အထိ ကလေးများပညာရေးနှင့်နေထိုင်စားသောက်စရိတ်များသုံးစွဲရန် မလုံလောက်သော အရေးပေါ်အခက်အခဲအခြေအနေများနှင့်ရင်ဆိုင်နေရပါသည် ၊မိဘပြည်သူများ ကမ်ပိန်းတွင်ပါဝင်ပေးခြင်းဖြင့် ပညာသင်နှစ်တစ်ဝက်ဖြင့်ပညာသင်ခြင်းရပ်တံ့ရနိုင် သည့် အခက်အခဲများကြားမှပညာသင်ယူနေရသော ကျောင်းသားများ၏ ပညာရေးကို ပံ့ပိုးပေးနိုင်ခြင်း ၊ တိုင်းပြည်အနာဂတ်အား ပညာဆီမီးအားထွန်းညှိပေးခြင်းဖြင့် ကယ်တင်နိုင်မည့် အကျိုးများရရှိနိုင်ပါမည်။

သို့ဖြစ်ပါသောကြောင့် ပညာရေးအားအခက်များစွာရင်ဆိုင်မှူများကြားမှ ကြိုးစားသင်ယူနေသော ကျောင်းသား/ကျောင်းသူလေးများအား မိဘပြည်သူများအနေဖြင့် ဂရုဏာရှေ့ထားပြီး ယခုပညာရေးအစီစဉ်လေးတွင် ပါဝင်ကူညီပေးကြပါရန် အထူးပင် မေတ္တာရပ်ခံအပ်ပါသည်။

SCF