SCF Platform မှာ ပြုလုပ်ခဲ့တဲ့ “ပြည်တော်ပြန်ဝင် ကျည်ကာဆင်” ကမ်ပိန်းအကြောင်း
- ကမ်ပိန်းအမည် – ပြည်တော်ပြန်ဝင် ကျည်ကာဆင်
- ကမ်ပိန်းတာဝန်ခံ – Cleverest Clickers Family (NOH Agent)
- ထောက်ပံ့နိုင်ခဲ့သည့်အဖွဲ့အစည်း – Burmese Twenty-One Guerilla Force
- ကမ်ပိန်းပြုလုပ်ခဲ့သည့် ရက်ကာလ – ၂၀၂၆ ခုနှစ် မတ်လ ၁၄ ရက် မှ ၂၀၂၆ ခုနှစ် ဧပြီလ ၂၈ ရက်အထိ
- တားဂတ်ပမာဏ – မြန်မာငွေကျပ် သိန်း ၂၅၀
- ရရှိငွေစုစုပေါင်း – မြန်မာငွေကျပ် ၁၈၅ သိန်းခန့်
ဒီကမ်ပိန်းဟာ သတ်မှတ်တားဂတ်ပမာဏကို အပြည့်အဝ မပြည့်မီခဲ့ပေမယ့်၊ ရရှိလာတဲ့ ရန်ပုံငွေများနဲ့ ရှေ့တန်းက PDF မြင်းခြံခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁) – B21 ပြောက်ကျားတပ်ဖွဲ့ တော်လှန်ရေးရဲဘော်အချို့အတွက် မရှိမဖြစ်လိုအပ်နေတဲ့ ကျည်ကာများ ကို အောင်မြင်စွာ ဝယ်ယူဖြည့်တင်းပေးနိုင်ခဲ့ပါတယ်။
ထိုသို့ ဝယ်ယူဖြည့်တင်ပေးနိုင်အောင် SCF Platform မှာ တက်ကြွစွာ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ အကြည်ဓာတ်လေးများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။
Spring CrowdFund (SCF) အနေဖြင့်လည်း ပြည်သူတွေရဲ့ ထောက်ပို့မှုတိုင်းကို မြေပြင်ဆီ အမြန်ဆုံး၊ အထိရောက်ဆုံးနဲ့ အလေအလွင့်မရှိဘဲ ရာနှုန်းပြည့် တိုက်ရိုက် စီးဆင်းရောက်ရှိအောင် အစဉ်အမြဲ ကြိုးစားလျက်ရှိပါတယ်။
ရဲဘော်များမှ ပေးပို့လာသော “ပြည်တော်ပြန်ဝင် ကျည်ကာဆင်” ကမ်ပိန်းရရှိငွေများဖြင့် ဝယ်ယူနိုင်ခဲ့သော ကျည်ကာများ၏ မှတ်တမ်းဓာတ်ပုံများ


ပြည်တော်ပြန်ဝင် ကျည်ကာဆင် ကမ်ပိန်းတွင် ပါဝင်ထောက်ပို့ပေးခဲ့ကြသော SCF အကြည်ဓာတ်လေးများအတွက် ရဲဘော်များ၏ စကားသံ
ရှေ့ဆက်မည့် ခရီးများတွင်လည်း တော်လှန်ရေးအမြန်ဆုံးအောင်မြင်ပြီး စစ်အာဏာရှင်စနစ်မှ လွတ်မြောက်နိုင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် ထူထောင်နိုင်ရေးတို့အတွက် စုပေါင်းအင်အားပိုမိုအားကောင်းလာအောင် မိတ်ဆွေသူငယ်ချင်းများကို ထပ်မံဖိတ်ခေါ်ပေးကြဖို့ အလေးအနက်ထား တိုက်တွန်းလိုပါတယ်။







