အမေ့အတွက် နှင်းဆီ ၈၁ ပွင့် မွေးနေ့လက်ဆောင် ပေးရအောင်

Facebook
Telegram

ကိုးကွယ်ရာ ဘယ်သာသာမှာမဆို မိမိချစ်ခင်လေးစားရသူ ဘေးကင်းကျန်းမာစေဖို့ မေတ္တာပို့ဆုတောင်းပေးတာဟာ အလွန်အဓိပ္ပာယ်ရှိတဲ့ အလေ့အကျင့်ပါ။ မေတ္တာတရားရဲ့အစွမ်းကိုလည်း လေးလေးနက်နက် ယုံကြည်ပါတယ်။

ဒါကြောင့် အမေစုရဲ့ အသက် (၈၁) နှစ်ပြည့်မွေးနေ့အတွက် နှင်းဆီ (၈၁) ပွင့် လက်ဆောင်ပေးချင်ပါတယ်။ ဒီနှင်းဆီပွင့်တွေဟာ SUU 81 BIRTHDAY ကမ်ပိန်းမှာ ဝိုင်းဝန်းပါဝင်ကြမယ့် သိန်း (၈၁၀) ကျပ်ကို ကိုယ်စားပြုပါတယ်။

နှင်းဆီတပွင့်ချင်းစီအတွက် တဦးချင်း/တဖွဲ့ချင်း ပါဝင်နိုင်သလို တတ်နိုင်သမျှ နည်း/များမဆို စုပေါင်းပါဝင်နိုင်ဖို့လည်း နွေးထွေးစွာ လက်ကမ်းဖိတ်ခေါ်ပါတယ်။

ဒီကမ်ပိန်းကနေ ရရှိလာမယ့် ရန်ပုံငွေ ရာနှုန်းပြည့်အားလုံးကို အမေစုရဲ့ သားငယ် Kim ဦးဆောင်တဲ့ Aid to BURMA မှတဆင့် စစ်ဘေးရှောင်ပြည်သူများနဲ့ အကူအညီလိုအပ်နေတဲ့ နေရာဒေသများကို ထောက်ပံ့လှူဒါန်းသွားမှာပါ။ အမေ့အတွက်သာမက အမေချစ်တဲ့ပြည်သူတွေအတွက်လည်း အကျိုးရှိစေမယ့် မွေးနေ့ကုသိုလ်ဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

မွေးနေ့လက်ဆောင်ပေးရန်

(မြန်မာပြည်တွင်းဆိုရင် VPN လိုအပ်ပါတယ်)

#SUU81BIRTHDAY
#SCF #SpringCrowdFund
#AidtoBURMA

SCF