ညီညွတ်မှုတွေနဲ့ ပါဝင်ပေးခဲ့ကြတဲ့ အလှူရှင်ပြည်သူ တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။
SCF မှာ ပြုလုပ်ခဲ့တဲ့ “စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး” အရေးပေါ်ကမ်ပိန်းမှာ (၂၁) ရက်အတွင်း ထောက်ပံ့လှူဒါန်းငွေ စုစုပေါင်း သိန်း (၁၆၂၀) နီးပါးအထိ ရရှိခဲ့ပြီး၊ ဒီရရှိငွေ အပြည့်အဝကို ရေဘေးသင့်ပြည်သူတွေအတွက် Ministry of Social, Labour and Humanitarian Affairs – NUG သို့ လွှဲပြောင်းပေးအပ်နိုင်ခဲ့ပါပြီ။
ဒီရက်ပိုင်းတွေအတွင်း စိတ်ရောကိုယ်ပါ ပင်ပန်းခဲ့ရသမျှတွေက အခုလို စုပေါင်းအားကို မြင်တွေ့ရတဲ့အခါ ခွန်အားတွေအဖြစ် ပြန်ပြောင်းလဲသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။
SCF အဖွဲ့သားတွေအနေနဲ့လည်း အခုလို ပြည်သူ့ယုံကြည်မှုကို ဆက်လက် ထိန်းသိမ်းပြီး အကောင်းဆုံး ကြိုးစားသွားမှာပါ။ ဒါကြောင့် ရှေ့ဆက်ရမယ့် ခရီးလမ်းမှာ ပိုမိုခိုင်မာတဲ့ အင်အားတွေဖြစ်လာဖို့ SCF ရဲ့ “ထောက်ပို့ပြည်သူအင်အား ၅၀,၀၀၀” စုပေါင်းမှုမှာလည်း ဆက်လက် ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။







