ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်းပေါင်း ၅၁၀ ကျော် ဒုတိယအကြိမ် ထပ်မံထောက်ပံ့လှူဒါန်း | စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး

Share to Facebook
Share to Telegram

86 reactions

Spring CrowdFund (SCF) ပလက်ဖောင်းတွင် ပြုလုပ်နေသော “စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး” ကမ်ပိန်းရရှိငွေများထဲမှ ကျပ်သိန်း ၅၀၀ တိတိကို ရေဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာထောက်ပံ့နိုင်ရန် ၃ ရက်အတွင်း ပထမအကြိမ်အဖြစ် လွှဲပြောင်းပေးနိုင်ခဲ့ပြီး

 

 

ယခုထပ်မံ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ် ကျပ်သိန်းပေါင်း ၅၁၀ ကျော်ကို Ministry of Social, Labour and Humanitarian Affairs – NUG သို့ ၇ ရက်အတွင်း အမြန်ဆုံး လွှဲပြောင်းပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

 

 

ထောက်ပံ့လှူဒါန်းပေးကြသော အလှူရှင်ပြည်သူ အကြည်ဓာတ်လေးများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။

ထပ်မံရရှိလာသော အရေးပေါ် ထောက်ပံ့လှူဒါန်းငွေများကိုလည်း ရေဘေးသင့်ပြည်သူများအတွက် အမြန်ဆုံးလွှဲပြောင်းပေးသွားမည်ဖြစ်ပြီး၊ ပြည်တွင်းပြည်ပမှ အလှူရှင်ပြည်သူများအားလုံးကို ဆက်လက်၍ အတူပါဝင်ပေးကြပါရန် အလေးအနက်ထား မေတ္တာရပ်ခံအပ်ပါသည်။ 🙏

 

 

ရေဘေးသင့်ပြည်သူများထံ အရေးပေါ်ကူညီထောက်ပံ့မှုများ ပေးအပ်နေသော မှတ်တမ်းဓာတ်ပုံများ

Photos: Ministry of Social, Labour and Humanitarian Affairs – NUG

 

SCF