စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး | ရေဘေးသင့်ပြည်သူများအတွက် သိန်း ၅၀၀ ကျပ် ပထမအကြိမ် ထောက်ပံ့လှူဒါန်း

Share to Facebook
Share to Telegram

2 reactions

Spring CrowdFund (SCF) ပလက်ဖောင်းတွင် ပြုလုပ်နေသော “စစ်ကိုင်းရေဘေး ဖေးမစာနာကူညီပေး” အရေးပေါ်ကမ်ပိန်းအတွက် ၃ ရက်အတွင်း ကျပ်သိန်းပေါင်း ၆၀၀ ကျော်ရသည်အထိ ပါဝင်ကူညီပေးကြသော အလှူရှင် အကြည်ဓာတ်လေးများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါသည်။

ရရှိငွေများထဲမှ ကျပ်သိန်းပေါင်း ၅၀၀ တိတိကိုလည်း ရေဘေးသင့်ပြည်သူများအား အရေးပေါ်စားနပ်ရိက္ခာထောက်ပံ့ရန်အတွက် Ministry of Social, Labour and Humanitarian Affairs – NUG သို့ ပထမအကြိမ်အဖြစ် အမြန်ဆုံး လွှဲပြောင်းပေးထားနိုင်ခဲ့ပြီးဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်။

 

 

ထောက်ပံ့လှူဒါန်းပေးကြသော အလှူရှင်ပြည်သူ အကြည်ဓာတ်လေးများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။
ထပ်မံရရှိလာသော အရေးပေါ် ထောက်ပံ့လှူဒါန်းငွေများကိုလည်း ရေဘေးသင့်ပြည်သူများအတွက် အမြန်ဆုံးလွှဲပြောင်းပေးသွားမည်ဖြစ်ပြီး၊ ပြည်တွင်းပြည်ပမှ အလှူရှင်ပြည်သူများအားလုံးကို ဆက်လက်၍ အတူပါဝင်ပေးကြပါရန် အလေးအနက်ထား မေတ္တာရပ်ခံအပ်ပါသည်။ 🙏
SCF