မြစ်ခြေဆီသို့ အရောက်ပို့ ကျေးဇူးပါနော် အကြည်ဓာတ်လေးတို့…

Share to Facebook
Share to Telegram

3 reactions

SCF platform မှာ Nang Moe Kham နွေဦးကံကော် အင်ပါယာ (SDB-RM) ကိုယ်တိုင် ဦးဆောင်ကြိုးစားနေတဲ့ “မြစ်ခြေအတွက် အရေးပေါ်ကမ်ပိန်း” ဟာ သတ်မှတ်ရက်ကာလ မပြီးဆုံးသေးပေမဲ့ မြေပြင်က လိုအပ်ချက်တွေဟာ အလွန်ကြီးမားနေတာကြောင့်၊ အကြည်ဓာတ်လေးတို့ စုပေါင်းပံ့ပိုးပေးထားတဲ့ ရန်ပုံငွေထဲကနေ ပထမဆုံးတစ်ကြိမ်အဖြစ် (၈၄) သိန်းကျပ် ကို မြစ်ခြေဆီ အလျင်အမြန် အရောက်ပို့ဆောင် ပေးနိုင်ခဲ့ပါပြီ။
အိမ်ခြေ (၁,၂၀၀) ကျော် ပြာကျသွားပေမဲ့ “လက်သုံးချောင်း ကျန်ရင်… လက်သုံးချောင်းထောင်ပြီး ဆက်တော်လှန်မယ်” ဆိုတဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ မြစ်ခြေပြည်သူတွေအတွက် မြစ်ခြေ (ပအဖ) မှတဆင့်…
  • အရေးပေါ် စားနပ်ရိက္ခာတွေနဲ့
  • “ပြည်သူ့အနားမှာ ပြည်သူတွေ ရှိနေသေးတယ်” ဆိုတဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားတွေကိုပါ လက်တွေ့ သယ်ဆောင် ပေးအပ်နိုင်ခဲ့ပါတယ်။
လက်ရှိမှာလည်း ကမ်ပိန်းက ဆက်လက် အသက်ဝင်နေဆဲ ဖြစ်ပါတယ်။ ခက်ခဲကျပ်တည်းနေတဲ့ အညာပြည်သူတွေ အားမငယ်ရအောင်၊ ကျွန်တော်တို့ တတ်နိုင်သလောက် စုပေါင်းပြီး “မြစ်ခြေအတွက် အရေးပေါ်ကမ်ပိန်း” မှာ ဆက်လက် ဝိုင်းဝန်းပါဝင် အင်အားဖြည့်ပေးကြရအောင်ပါခင်ဗျာ…
SCF