“လေတိုက်လို့ ရောက်လာတာ တစ်ခုမှမရှိဘူး”
ထောင်တွေမှာ ပြောလေ့ရှိကြတဲ့စကားပါ။ အဓိပ္ပါယ်ကတော့ ထောင်ထဲမှာ ဘယ်အရာကိုမှ လွယ်လွယ်ရတာ မရှိဘူးတဲ့။
သတိတရပို့ပေးသူရှိမှသာ ရနိုင်တဲ့ “ထောင်ဝင်စာ”ဆိုတဲ့ ကျွတ်ကျွတ်အိတ်ထုတ်လေးတွေဟာ အပြင်လူတွေအတွက်တော့ မထူးခြားပေမဲ့ ထောင်ထဲက နိုင်ကျဥ်းတွေအတွက်တော့ အရာရာပါပဲ။
အစားအစာ ဆေးဝါး ခက်ခဲလွန်းလှတဲ့ ထောင်ထဲမှာ ပျော့လိုက်မာလိုက် ထမင်းကြမ်းကြမ်းတွေကို ကြိတ်မှိတ်မျိုချနိုင်ဖို့၊ ထောင်ထဲကနေ ကျန်းကျန်းမာမာ ပြန်ထွက်လာနိုင်ဖို့အတွက် ထောင်ဝင်စာက ပါလာတဲ့ ဆေးဝါး၊ဟင်းစို၊ဟင်းခြောက်၊မုန့်၊ အသုံးအဆောင်တွေကိုပဲ အားကိုးရတာပါ။
ဒါတွေသာမက တန်ဖိုးအရှိဆုံး အရာတစ်ခုကျန်ပါသေးတယ်။ အဲ့ဒါကတော့ ထောင်ဝင်စာနဲ့အတူ “ငါတို့ကို မမေ့ဘူး”ဆိုတဲ့ စိတ်ဓာတ်ခွန်အားပါပဲ။
မေလမှာ “ထောင်ဝင်စာပို့ကြမယ် (ကလေးမြို့)” လစဥ်ကမ်ပိန်းအတွက် SCF နဲ့အတူ ပါဝင်အားဖြည့်ပေးခဲ့ကြတဲ့ အကြည်ဓာတ်လေး ၆၂ ဦးကို ကျေးဇူးတင်ပါတယ်။ လစဥ် ၁၃ သိန်းကျော်ဆိုတာ ကျပ်တည်းနေတဲ့ခေတ်ကာလကြီးထဲမှာ နည်းပါဘူး။ မပါဝင်ရသေးသူတွေကိုလည်း လေးစားစွာ တိုက်တွန်းပါရစေ။ နွေဦးနိုင်ကျဥ်းတွေအတွက် ပိုမိုကူညီပေးနိုင်ဖို့ အတူတူဆက်ကြိုးစားကြပါမယ်ခင်ဗျာ။
ထောင်ဝင်စာပို့ကြမယ် (ကလေးမြို့) သို့ မေလရရှိငွေများအားလုံးကို လွှဲပြောင်းပေးထားသည့် ဂုဏ်ပြုမှတ်တမ်း

(ထောင်ဝင်စာပို့ကြမယ် (ကလေးမြို့) မှပေးပို့လာသော ထောက်ပံ့မှုမှတ်တမ်းဓာတ်ပုံများ)












