ပညာ့အလင်းရောင် ပုံနှိပ်စာအုပ်လက်ဆောင်

Share to Facebook
Share to Telegram

3 reactions

အကြည်ဓာတ်လေးတွေ အကုန်လုံးကို လာကြည့်စေချင်တယ် ဘယ်လောက်တောင် ပျော်သွားမလဲ 🤍

SCF မှာ ပညာ့အလင်းရောင် ပုံနှိပ်စာအုပ်လက်ဆောင် ကမ်ပိန်းကို 30 Apr 2026 မှ 7 Jun 2026 အထိ ပြုလုပ်ခဲ့ပြီး စုစုပေါင်း မြန်မာငွေကျပ် သိန်း ၃၃၀ အထိရရှိခဲ့ပါသည်။

 

Ko Don Ko (SDB-RM) မှ ကမ်ပိန်းတာဝန်ခံအဖြစ် အဓိကဦးဆောင်ပြုလုပ်ခဲ့ပြီး ရရှိရန်ပုံငွေများကို ကြားကာလပြည်သူ့ပညာရေးကွန်ရက် (ဝင်းရော်ဒေသ) သို့ စီးဆင်းစေခဲ့ပါသည်။

 

ယခုကမ်ပိန်းမှ ရရှိခဲ့သော ရန်ပုံငွေများဖြင့် မြေပြင်မှ ကိုယ်ထူကိုယ်ထ‌ စာသင်ကျောင်းများအတွက် ပုံနှိပ်စာအုပ်များနှင့် စာရေးကိရိယာများ ထောက်ပံ့ကူညီနိုင်ခဲ့ပြီး SCF တွင် ထောက်ပို့ပေးကြသော ပြည်သူများ၏ စုပေါင်းအင်အား အသီးအပွင့်ရလဒ်များကို ပီတိဖြစ်ဖွယ် မြင်တွေ့ခဲ့ရသော ကမ်ပိန်းတစ်ခုဖြစ်ခဲ့ပါသည်။

(ဓာတ်ပုံများတွင်ပါရှိသည့် တချို့သော လူပုဂ္ဂိုလ်များ၏ လုံခြုံရေးအရ တောင်းဆိုမှုကြောင့် စတစ်ကာလေးများဖြင့် အုပ်ပေးထားရသည်ကို နားလည်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်

SCF