တော်လှန်ပြည်သူ အကြည်ဓာတ်လေးတွေကို အကောင်းဆုံးကူညီပေးနိုင်ဖို့အတွက် လုံခြုံစိတ်ချမှုအပြည့်ရှိတဲ့ SCF platform က အမြဲအသင့်ရှိနေပါပြီ

ဖေ့စ်ဘွတ်ခ်မှာမျှဝေပါ
တယ်လီဂရမ်မှာမျှဝေပါ
ထောက်ပို့ဖို့ စိတ်ပူနေတာ အပြစ်မဟုတ်ပါဘူး
❗️ လုံခြုံရေးစိတ်ပူတယ်
❗️ နည်းနည်းပဲကူနိုင်လို့ မထိရောက်မှာစိတ်ပူတယ်
❗️ မြေပြင်ကို တကယ်မရောက်မှာစိတ်ပူတယ်
❗️ ပြည်တွင်းဆိုရင် အပြင်သွားနေတုန်း messenger ကနေ စာဝင်လာမှာ စိတ်ပူတယ်
❗️ ကိုယ့်အချက်အလက်တွေ ပေါက်ကြားသွားမှာစိတ်ပူတယ်
ဒီလိုအခက်အခဲတွေကြောင့် အတူထောက်ပို့ချင်ပါလျက်နဲ့ မပါဝင်နိုင်ဖြစ်နေတဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပါဘူး။ ဒါပေမဲ့ ဒီလိုစိုးရိမ်စိတ်တွေကြောင့်နဲ့တော့ တော်လှန်ခရီးမှာ ဆက်မလျှောက်တော့ပဲ ရပ်တန့်သွားတာမျိုးလည်း မဖြစ်စေချင်ပါဘူး။
တော်လှန်ပြည်သူ အကြည်ဓာတ်လေးတွေကို အကောင်းဆုံးကူညီပေးနိုင်ဖို့အတွက် လုံခြုံစိတ်ချမှုအပြည့်ရှိတဲ့ SCF platform က အမြဲအသင့်ရှိနေပါပြီ။
ကိုယ်တိုင်လည်း လုံခြုံအောင်နေပါ။ ကျန်းမာရေးဂရုစိုက်ပါ။ ပြန်စရာအိမ်တောင် မရှိရှာတော့တဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်၊ ခက်ခဲကြမ်းတမ်းတဲ့ ရှေ့တန်းမြေပြင်မှာ အသက်တွေကိုရင်းပြီး ကြိုးစားနေကြတဲ့ ရဲဘော်တွေအတွက်လည်း.. စိုးရိမ်ပူပန်မှုတွေကို SCF နဲ့အတူ ကျော်လွှားပြီး စုစည်းညီညွတ်စွာ ထောက်ပို့ကြရအောင်
SCF