တော်လှန်ထောက်ပို့အင်အားတွေ တဟုန်ထိုးများလာစေဖို့ 1 + 1 = 500 အစီအစဉ်လာပါပြီ

ဖေ့စ်ဘွတ်ခ်မှာမျှဝေပါ
တယ်လီဂရမ်မှာမျှဝေပါ
“တစ်ကောင့်ဖွင့် တစ်ခါလှူ၊ 500 Tokens လက်ဆောင်ယူ”
အဆုံးသတ်အောင်ပွဲအတွက် ပိုများတဲ့အင်အားတွေ လိုအပ်နေချိန်မှာ အားကောင်းကောင်းနဲ့ ပိုမိုစုပေါင်းပေးနိုင်ဖို့ SCF က နည်းလမ်းမျိုးစုံနဲ့ ကြိုးစားပေးနေပါတယ်။ ဒါကြောင့် ဒီတခါမှာလည်း SCF စတင်ချိန်ကစလို့ ခုချိန်ထိ ယုံယုံကြည်ကြည် ချီတက်လာကြတဲ့ လက်ရှိအကြည်ဓာတ်လေးတွေနဲ့အတူ နောက်ထပ် ထောက်ပို့ပြည်သူအင်အားသစ်တွေကို ထပ်မံဖိတ်ခေါ်သွားပါမယ်။
🌿 1 + 1 = 500 ဆိုတာဘာလဲ
စက်တင်ဘာ (၂၂) ရက်နေ့ကနေ (၂၆) ရက်နေ့အတွင်း SCF မှာ အကောင့်ဖွင့်ပြီး၊ ကိုယ်အားဖြည့်ချင်တဲ့ ကမ်ပိန်းတစ်ခုခုကို ပမာဏမရွေး (အနည်းဆုံး တစ်ကြိမ်) ပါဝင်လှူဒါန်းပေးတဲ့ ပထမဆုံး အကြည်ဓာတ်အသစ်လေး (၃၀၀) ဦး အတွက် “SDB 500 Tokens” ကို ဂုဏ်ပြုလက်ဆောင်အဖြစ် ပေးသွားမှာပါ။
ပါဝင်ဖို့က လွယ်ပါတယ်။ တစ်ကောင့်ဖွင့်၊ တစ်ကြိမ်လှူပြီးသွားရင် အောက်ပါ Google Form လေးမှာ ဝင်ရောက်ဖြည့်လိုက်ရုံပါပဲ။
🌿 လက်ရှိအကြည်ဓာတ်လေးတွေ အနေနဲ့ကရော ဘယ်လိုပါဝင်ပေးလို့ရမလဲ?
သွားရမယ့်ပန်းတိုင်အတွက် ပိုများတဲ့စုပေါင်းအင်အားတွေ လိုအပ်နေတာကြောင့် ဒီတခေါက် အစီအစဉ်လေးကို စီနီယာအကြည်ဓာတ်လေးတွေက နားလည်ပေးစေလိုပါတယ်။ အားလုံးပါဝင်နိုင်မယ့် အစီအစဉ်အသစ်တွေလည်း ထပ်မံလုပ်ပေးသွားဖို့ရှိပါတယ်။
ဒါကြောင့် မိမိတို့ရဲ့ သူငယ်ချင်းတွေကို သတင်းစကားပါးရင်း လက်ဆင့်ကမ်း ဖိတ်ခေါ်ပေးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
ပိုမိုများပြားတဲ့ စုပေါင်းအင်အားတွေနဲ့ အတူတကွ ချီတက်ကြပါစို့။
SCF