မိုးရေစက်များကြားထဲက တော်လှန်ရဲဘော်များကို ဂုဏ်ပြုခြင်း

ဖေ့စ်ဘွတ်ခ်မှာမျှဝေပါ
တယ်လီဂရမ်မှာမျှဝေပါ

ဘယ်လောက်ပဲ မိုးသည်းသည်း..

ဘယ်လောက်ပဲ လမ်းကြမ်းကြမ်း..

ပြည်သူတွေမျှော်လင့်နေတဲ့ အဆုံးသတ်အောင်ပွဲအတွက် ရှေ့တန်းက ရဲဘော်တွေရဲ့ ခြေလှမ်းတွေကတော့ ရပ်တန့်မသွားပါဘူး..

အမိမြေတိုင်းပြည်အတွက် အသက်ကိုရင်းပြီး ပေးဆပ်ကြိုးစားနေကြတဲ့ ရဲဘော်တွေကို စာနာတန်ဖိုးထားတယ်ဆိုရင် ဘယ်နိုင်ငံမှာပဲ ရောက်ရှိနေပါစေ ကျွန်တော်တို့တွေအားလုံး အတူဆက်လက်ရပ်တည်ပေးနေကြောင်း ခွန်အားပေးဖို့ လိုပါတယ်..

ဒီလို မိုးရေစက်တွေကြားက သူရဲကောင်းတွေကို ဂုဏ်ပြုဖန်တီးထားတဲ့ “HEROES IN THE RAIN” SCF Special Certificate ကို ဇွန်လ (၂၃) မှ (၃၀) ရက်အတွင်း SCF မှာ ကမ်ပိန်းတွေအတွက် တစ်ထောင့်တစ်နေရာကနေ ခွန်အားဖြည့်ပါဝင်ရင်း ရယူနိုင်ပါပြီ..

ကျွန်တော်တို့တွေအားလုံး အတူတူရှိပေးကြရအောင်

SCF