“စစ်အာဏာရှင်စနစ်ကို စုပေါင်းအင်အားဖြင့် အနိုင်ယူနိုင်ရန် အတူပါဝင်ပေးပါ 💪”
SCF platform ဆိုတာ…
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူလူထု ရင်ဆိုင်နေရတဲ့ လူသားချင်း စာနာကူညီရေး လိုအပ်ချက်များကို ထောက်ပံ့နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက အရေးပေါ်မြန်ဆန်စွာ ကူညီပေးနိုင်ရန်နှင့် တော်လှန်ရေး အင်အားစုများကို ပံ့ပိုးနိုင်ရန်အတွက် ရန်ပုံငွေ စုဆောင်းရေး အွန်လိုင်းပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေး အသိုက်အဝန်းအတွက် မျှော်လင့်ချက် ၊ ခံနိုင်ရည်သက်လုံနှင့် စုပေါင်းဆောင်ရွက်မှုတို့ကို အခြေခံထားတဲ့ ထောက်တိုင်တခုလည်းဖြစ်ပြီး.. အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို အတူတကွ ပြန်လည်တည်ဆောက်ရေး ကာလအထိ ရည်ရွယ်ထားပါတယ်။
လုံခြုံစိတ်ချ လွယ်ကူမြန်ဆန်စွာ ထောက်ပို့နိုင်တယ်။
မြေပြင်ကို ကိုယ်တိုင်တိုက်ရိုက် ထောက်ပို့နိုင်တယ်။
စိတ်ချယုံကြည်ရတဲ့ ကမ်ပိန်းများကို တနေရာတည်းမှာ စုစည်းပေးထားတယ်။
အချိန်မရွေး နေရာမရွေး အသုံးပြုနိုင်တယ်။
SDB နွေဦးဘဏ် ငွေလွှဲစနစ်ကို အသုံးပြုပြီး နိုင်ငံတကာငွေကြေး (၁၀) မျိုး စုံလင်စွာ လှူဒါန်း ထောက်ပို့နိုင်တယ်။
ရရှိငွေပမာဏများကို ပွင့်လင်းမြင်သာမှုရှိစွာ အချိန်နဲ့တပြေးညီ သိနိုင်တယ်။
Certificate ချက်ချင်း ရယူနိုင်တယ်။
0% platform fees ဖြင့် အခမဲ့ အသုံးပြုနိုင်တယ်။
အစရှိတဲ့ အားသာချက်များစွာ ရှိတာကြောင့် အလှူရှင် တော်လှန်ပြည်သူများ၊ မြေပြင်အဖွဲ့အစည်းများ၊ ကမ်ပိန်းတာဝန်ခံအဖြစ် ရှာဖွေပေးနေရသူများရဲ့ အချိန်အင်အား လူအင်အား ပင်ပန်းမှုများကို သက်သာအောင် လျှော့ချပေးနိုင်ရန်လည်း ရည်ရွယ်တည်ဆောက်ထားတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။
စစ်အာဏာသိမ်းမှုနောက်ပိုင်း မြန်မာပြည်သူလူထု ရင်ဆိုင်နေရတဲ့ လူသားချင်း စာနာကူညီရေး လိုအပ်ချက်များကို ထောက်ပံ့နိုင်ရန်၊ သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက အရေးပေါ်မြန်ဆန်စွာ ကူညီပေးနိုင်ရန်နှင့် တော်လှန်ရေး အင်အားစုများကို ပံ့ပိုးနိုင်ရန်အတွက် ရန်ပုံငွေ စုဆောင်းရေး အွန်လိုင်းပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ရေး အသိုက်အဝန်းအတွက် မျှော်လင့်ချက် ၊ ခံနိုင်ရည်သက်လုံနှင့် စုပေါင်းဆောင်ရွက်မှုတို့ကို အခြေခံထားတဲ့ ထောက်တိုင်တခုလည်းဖြစ်ပြီး.. အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို အတူတကွ ပြန်လည်တည်ဆောက်ရေး ကာလအထိ ရည်ရွယ်ထားပါတယ်။
အစရှိတဲ့ အားသာချက်များစွာ ရှိတာကြောင့် အလှူရှင် တော်လှန်ပြည်သူများ၊ မြေပြင်အဖွဲ့အစည်းများ၊ ကမ်ပိန်းတာဝန်ခံအဖြစ် ရှာဖွေပေးနေရသူများရဲ့ အချိန်အင်အား လူအင်အား ပင်ပန်းမှုများကို သက်သာအောင် လျှော့ချပေးနိုင်ရန်လည်း ရည်ရွယ်တည်ဆောက်ထားတဲ့ ပလက်ဖောင်းတစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် တော်လှန်ပြည်သူတိုင်း ကိုယ်ပိုင် SCF အကောင့်ဖွင့်ပြီး လုံခြုံစိတ်ချစွာ ထောက်ပို့နိုင်ဖို့အတွက်နဲ့ မြေပြင်လိုအပ်ချက်များကို အထိရောက်ဆုံး အားဖြည့်ကူညီပေးနိုင်ဖို့အတွက် “တို့အတူစုပေါင်း ထောက်ပို့ပြည်သူအင်အား ၅၀,၀၀၀” လှုပ်ရှားမှုကိုလည်း အင်တိုက်အားတိုက် ကြိုးစားနေပါတယ်။ အမြန်ဆုံး အင်အားပြည့်သွားအောင် SCF အကောင့်ဖွင့်ပြီး အတူပါဝင်ပေးကြပါဦးနော်။