ကမ္ဘာ့စင်မြင့်ထက်မှာ သူ လက်သုံးချောင်း စထောင်လိုက်တဲ့ အဲ့ဒီအချိန်… ပြည်သူတွေအားလုံးရဲ့ ရင်ဘတ်ထဲက မျှော်လင့်ချက်တွေ အရှိန်အဟုန်နဲ့ ပြန်လည်နိုးထလာခဲ့တယ်။
မိုက်ခရိုဖုန်းရှေ့က သူ့အသံတွေ တုန်ယင်နေခဲ့ပေမဲ့၊ သူ့ရဲ့ ရပ်တည်ချက်ကတော့ သိပ်ကို ခိုင်မာပြတ်သားလွန်းလို့ နားထောင်ရင်းနဲ့တင် ပြည်သူတွေ မျက်ရည်ဝဲခဲ့ရတယ်။ ဒီတုန်ယင်မှုက ကြောက်ရွံ့လို့မဟုတ်ဘဲ ပြည်သူတွေရဲ့ နာကျင်မှုတွေကို ပခုံးပေါ် ထမ်းတင်ထားရလို့ဆိုတာ ထပ်တူခံစားမိရင်း သံအမတ်ကို ကျေးဇူးလည်းတင်မိတယ်။ ဂုဏ်လည်းယူမိတယ်။
ပြည်သူ့သံအမတ်ပီသစွာပဲ ပြည်သူတွေရဲ့အသံကို ကမ္ဘာကြီး ကြားအောင် သူ ဖွင့်ဟပြောဆိုပေးခဲ့တယ်။ အခုလည်း ပြောပေးနေဆဲပဲ။ မနက်ဖြန်တိုင်းမှာလည်း အမှန်တရားရဲ့ ပဲ့တင်သံအဖြစ် ဆက်ပြီး ရှိနေပေးဦးမှာပါ။
ပြည်သူတွေဘက်ကနေ ရဲရဲဝံ့ဝံ့ ရပ်တည်ပေးတဲ့သူကို ပြည်သူတွေကလည်း အတူတူ ပြန်ရပ်တည်ပေးရပါမယ်။ သံအမတ်ကြီးရဲ့ စကားသံတွေက တိုင်းပြည်အနာဂတ်အတွက် မျှော်လင့်ချက် ဖြစ်လာတဲ့အခါ၊ အဲ့ဒီမျှော်လင့်ချက်ကို ပြည်တွင်းပြည်ပက ပြည်သူတွေအားလုံး အခိုင်အမာ ဝန်းရံပေးဖို့ လိုပါတယ်။
ဒါကြောင့် Spring CrowdFund (SCF) အနေနဲ့ ပြည်သူတစ်ရပ်လုံးနဲ့အတူ အမြဲရှိနေသလို၊ ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုလည်း အပြည့်အဝ ထောက်ခံကြောင်း ဒီနေရာကနေ ဂုဏ်ယူစွာ ပြောချင်ပါတယ်။
ပြည်သူတွေရဲ့ အသံအမှန်တွေကို ကမ္ဘာသိအောင် ပြောပြပေးနေတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အတူတကွ ခွန်အားပေးကြရအောင်။ အားလုံးအတူတူ တခဲနက်ထောက်ခံရင်း ကမ္ဘာသိအောင် သက်သေပြလိုက်ကြစို့။







