19 July | SCF Special Certificate

ဖေ့စ်ဘွတ်ခ်မှာမျှဝေပါ
တယ်လီဂရမ်မှာမျှဝေပါ

500 reactions

ဇူလိုင် (၁၉) ဆိုတာနဲ့ ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီး (၉) ဦးကို အရင်ဆုံး ပြေးမြင်မိကြမှာပါ။ ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်ရင် ဒီနေ့ နွေဦးအထိ တိုင်းပြည်အတွက် ကိုယ်ကျိုးစွန့် အသက်ပေးသွားခဲ့ကြတဲ့ သူရဲကောင်းတွေဟာ ဝမ်းနည်းနာကျင်စရာကောင်းလောက်အောင် ၉ ဦးမကတော့ပါဘူး။

ခေတ်အဆက်ဆက် သွေးမအေးခဲ့တဲ့ ဒီအာဇာနည် သူရဲကောင်းအားလုံးကို အောက်မေ့ဦးညွှတ်တဲ့အနေနဲ့ SCF ကနေ “အာဇာနည်နေ့ အထူး Theme Certificate” လေးကို စီစဉ်ထားပါတယ်။

ဒီဂုဏ်ပြုမှတ်တမ်းလွှာလေးကို ဇူလိုင်လ (၁၀) ရက်နေ့ကနေ (၂၀) ရက်နေ့အတွင်း Spring CrowdFund (SCF) ကမ်ပိန်းတွေမှာ ပါဝင်ထောက်ပို့ရင်း ကိုယ့်ရဲ့ SCF အကောင့်ထဲမှာ သမိုင်းဝင် အမှတ်တရတစ်ခုအနေနဲ့ ဂုဏ်ယူစွာ သိမ်းဆည်းနိုင်မှာဖြစ်ပါတယ်။

SCF