SCF မှာ ကမ်ပိန်းတွေကို ထောက်ပို့ကူတဲ့အခါ အကောင့်မဖွင့်ပဲကူခြင်း ( Guest ) နဲ့ အကောင့် Log in ဝင်ပြီးကူခြင်း ဆိုပြီး ( 2 ) မျိုးရှိပါတယ်။
နောက်ကွယ်ကနေ လျှို့ဝှက်စွာကူချင်တယ်ဆိုရင် Guest အနေနဲ့ ကူနိုင်သလို ၊
ဘယ်ကမ်ပိန်းကိုပဲကူကူ မိမိရဲ့ SCF Account ထဲ Login ဝင်ပြီးမှကူမယ်ဆိုရင် ကူထားတဲ့ မှတ်တမ်းများနဲ့ ပမာဏစုစုပေါင်းကို မိမိရဲ့ History မှာ စုစည်းမြင်တွေ့နိုင်မှာဖြစ်ပြီး Certificate များကိုလည်း အချိန်မရွေး တကြိမ်ထက်မက စိတ်ကြိုက် Download ရယူနိုင်တဲ့ အားသာချက်များကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် အခုပဲ SCF Account ဖွင့်ပြီး အကြည်ဓာတ်လေးအဖြစ် ကိုယ်တိုင်ပါဝင်ကြရအောင် ![]()
(မြန်မာပြည်တွင်းဆိုရင် VPN လိုအပ်ပါတယ်)





