ရွှေဘိုခရိုင်တပ်ရင်းအမှတ် ( ၁၇ ) မှရဲဘော်များအတွက် ထောက်ပို့နိုင်တဲ့ “မိုးရာသီရိက္ခာ သိန်းတစ်ရာ” ကမ်ပိန်းတွင် ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် တားဂတ်ပမာဏ၏ ၅၈ % ကို ရရှိထားပြီဖြစ်ပါသည်။
” ကိုင်းဖျား ကိုင်းနား မခုတ်လှဲ
အာဏာရှင်ကို အမြစ်ကနှုတ်မယ့်ပွဲ
လူညီရင်ဖြင့် ရွှေဗဟိုရ်စည်
ရွှေဘိုမှာ မြည်လိမ့်မည် “
စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နဲ့ ရွှေဘိုခရိုင်တွင် တော်လှန်ရေးအတွက် ကြိုးစားနေကြသော ရွှေဘိုခရိုင်တပ်ရင်းအမှတ် ( ၁၇ ) မှ ရှေ့တန်းရဲဘော်များအတွက် မိုးရာသီ ၄ လစာ ဆေးဝါး ၊ ရိက္ခာများဖြည့်တင်းနိုင်ရန်အတွက် SCF platform တွင် ပါဝင်ကူညီပေးကြပါရန် နှိုးဆော်အပ်ပါသည်။
အတူထောက်ပို့ချင်သော်လည်း မသိသေးသော သူငယ်ချင်းများအတွက် share ပေးခြင်းဖြင့်လည်း ထိရောက်စွာကူညီနိုင်ပါသည်။







