Spring CrowdFund ၏ ထုတ်ပြန်ကြေညာချက်
Spring CrowdFund (SCF)သည် အရှေ့တောင်အာရှဒေသအတွင်းရှိ စစ်မှန်သော လူသားချင်းစာနာထောက်ထားရေး၊ ပရဟိတရေးစီမံကိန်းများကိုသာမက ကိုယ်ပိုင် ရည်ရွယ်ချက်များဖြင့် စီမံဆောင်ရွက်လိုသည့် လုပ်ငန်းစီမံကိန်းများကို ကူညီထောက်ပံ့ပေးလိုသည့် တဦးချင်း/အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးသော ရန်ပုံငွေရှာဖွေစုဆောင်းရေး ပလက်ဖောင်းတစ်ခုဖြစ်သည်။ SCF သည် နာမည်ကြီး ကျော်ကြားသည့်ပုဂ္ဂိုလ်များနှင့် ဆိုရှယ်မီဒီယာပေါ်တွင် လွှမ်းမိုးနိုင်စွမ်းမြင့်သောသူများဦးဆောင်သည့် ထိရောက်မှုမြင့်မားသည့် စီမံကိန်းများအတွက်ကိုလည်း (ဈေးကွက်မြှင့်တင်ခြင်း၊ အများပြည်သူသိအောင် ကြေငြာခြင်း၊ စုဆောင်းခြင်းနှင့် ငွေပေးချေခြင်း၊ အစီရင်ခံမှုများတင်ပြခြင်း) အစရှိတဲ့တဲ့ ဝန်ဆောင်မှုများကို စီမံထောက်ပံ့ပေးပါသည်။ မဝေးတော့သည့် နောင်အနာဂတ်တွင် SCF သည် စွန့်ဦးတီထွင်သူများ၏ လုပ်ငန်းစတင်ခြင်းအဆင့်များအတွက် မျိုးစေ့ချ ရန်ပုံငွေရှာဖွေပေးနိုင်ရေးများကိုလည်း စွန့်စားဝင်ရောက်မည်ဖြစ်သည်။
Spring CrowdFund ၏ အကြောင်း
အကူအညီလိုအပ်နေသူတစ်ဦးကို ကူညီလိုသည့် ဆန္ဒ၊ လူမှုအသိုင်းအဝိုင်းကို မြှင့်တင်လိုသည့် ရည်ရွယ်ချက် သို့မဟုတ် တိုင်းပြည်တစ်ခုကို ပို၍ကောင်းမွန်သောအပြောင်းအလဲဖြစ်စေလိုသည့် ရည်မှန်းချက်အားလုံးသည် ကျွန်ုပ်တို့ကို ရှေ့ဆက်သွားစေသော စိတ်အားထက်သန်မှု၏အရင်းအမြစ်ဖြစ်ပါသည်။ SCF တွင် ကျွန်ုပ်တို့သည် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် ရန်ပုံငွေရှာဖွေပေးသူများအား ၎င်းတို့၏စာနာမှုကို အရေးပါသော လှုပ်ရှားမှုတစ်ရပ်အဖြစ် အကောင်းအထည်ဖော်နိုင်စေရန် လုပ်ပိုင်ခွင့်ပေးပါသည်။ အမှန်တကယ်အပြောင်းအလဲများသည် လက်တွေ့လှုပ်ရှားမှုဖြင့်သာ စတင်နိုင်သည်။
SCF သည် ရန်ပုံငွေရှာဖွေရေးများတွင် အကူအညီပေးနိုင်သောပလက်ဖောင်းတခုဆိုသည်ထက် ပိုသော အရာတစ်ခုဖြစ်သည်။ ကျွန်ုပ်တို့သည် လူတစ်ဦးချင်း၊ အဖွဲ့များ၊ အဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့များ၏ ကောင်းမွန်သော ရည်ရွယ်ချက်များကို ထောက်ခံကူညီပြီး ကောင်းမွန်သော အကျိုးသက်ရောက်မှုကို ပေးစွမ်းနိုင်ရန်အတွက် ရန်ပုံငွေများ ရှာဖွေနိုင်ရန် နေရာတစ်ခုဖန်တီးပေးထားခြင်းဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် အရှိန်မကျသေးသော တိုက်ပွဲဒေသများမှ စစ်ရှောင်ပြည်သူများကို ထောက်ပံ့ကူညီမှုပေးလို၍ဖြစ်စေ၊ သင့်နှလုံးသားမှ တန်ဖိုးထားသော အခြားသော ရည်ရွယ်ချက်များအတွက် ဖြစ်စေ၊ SCF သည် သင်၏ ရည်မှန်းချက်များကို ကျယ်ကျယ်ပြန့်ပြန့် မျှဝေနိုင်ရန် လိုအပ်နေသည့်နေရာကိရိယာတခုအဖြစ် ပံ့ပိုးပေးကာ စစ်မှန်သော အပြောင်းအလဲများ ရရှိစေရန်အတွက် ရက်ရောစွာ ပေးကမ်းကူညီထောက်ပံ့မှုများကိုဖြစ်လာစေခြင်းဖြင့် အကောင်အထည်ဖော်စေပါသည်။
ကျွန်ုပ်တို့၏ စုဖွဲ့မှု
SCF တွင် ကျွန်ုပ်တို့၏ အဓိကအာရုံစိုက်မှုမှာ မြန်မာနိုင်ငံအတွင်း တော်လှန်ရေးနှင့် ဆက်စပ်သော စီမံကိန်းများနှင့် ကမ်ပိန်းများကို ကူညီထောက်ပံ့ပေးနိုင်ရေးဖြစ်ပါသည်။ ထို့အတူ မကြာသေးမီနှစ်ကာလ သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ နိုင်ငံရေး မတည်ငြိမ်မှုများကြောင့် ထိခိုက်ခဲ့သော အခြားသော စတင်နေရဆဲလုပ်ငန်းများကိုလည်း နွေးထွေးစွာကြိုဆိုပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝှမ်းတစ်လုံးရှိ တော်လှန်ရေးကွန်ရက်ကြီးနှင့်သာမက (ဤကွန်ရက်ကို အလွန်အရေးပါပြီး ပိုမိုအားကောင်းလာနေသည့် စုဖွဲ့မှုတစ်ခုအဖြစ် ကျွန်ုပ်တို့က အလေးထားပါသည်) ပိုမိုကျယ်ပြန့်သည့် လူထုများနှင့် မျှဝေကူညီပေးလိုသူများကိုလည်း ဆက်သွယ်စုစည်းပေးနိုင်ရန် ကြိုးပမ်းနေပါသည်။
ကျွန်ုပ်တို့သည် မြန်မာနိုင်ငံနှင့် ပတ်ဝန်းကျင်ဒေသနိုင်ငံများရှိ ဒေသခံလူထုများ၏ နက်နက်ရှိုင်းရှိုင်း ကူညီပေးလိုစိတ်နှင့် ပိုမိုကောင်းမွန်စေသော အတူတကွပူးပေါင်းဆောင်ရွက်မှု၏ အင်အားကို ယုံကြည်ပါသည်။ မျိုးစုံသော အသံများကို တညီတညွတ်တည်းစုစည်းနိုင်သော၊ တစ်ဦးနှင့်တစ်ဦး အချင်းချင်း ထောက်ခံကူညီကြသော ပလက်ဖောင်းလမ်းကြောင်းတခုကို ကျွန်ုပ်တို့အတူတကွတည်ဆောက်ပြီး အဓိပ္ပါယ်ရှိသောအပြောင်းအလဲကို ပြုလုပ်နိုင်မည်ဟု ယုံကြည်ပါသည်။
ကျွန်ုပ်တို့၏ ရည်ရွယ်ချက်
SCF တွင် ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ တဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနှင့်ဖြစ်စေ လူတိုင်းအတွက် စုပေါင်းရန်ပုံငွေရှာဖွေစုဆောင်းရာတွင် လွယ်ကူစေသော၊ ထိထိရောက်ရောက် ပါဝင်နိုင်သော ပလက်ဖောင်းလမ်းကြောင်းတစ်ခုကို ပြုလုပ်ပေးခြင်းဖြင့် ပိုမိုအားကောင်းစေလိုခြင်းဖြစ်သည်။ တစ်ဦးတည်းဖြင့် ကြီးကြီးမားမားထောက်ပံ့ပေးနိုင်သော ရင်းနှီးမြှပ်နှံသူများမရှိခဲ့ပါလျှင်လည်း လူတိုင်းအနေဖြင့် ၎င်းတို့၏ စိတ်ကူးများ၊ စီမံကိန်းများနှင့် ရည်မှန်းချက်များကို ဖန်တီးနိုင်စေရန်အခွင့်အလမ်းကို ရရှိသင့်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ စုပေါင်းရန်ပုံငွေရှာဖွေစုစည်းမှု၏ အင်အားကို အသုံးချခြင်းဖြင့် ပိုမိုကျယ်ပြန့်များပြားသော ပံ့ပိုးကူညီလိုသူများ၏ ကွန်ရက်တခုဖြစ်လာစေပြီး လူတိုင်းအတွက် နောက်ခံအသိုင်းအဝိုင်းနှင့် အရင်းအမြစ်ရှိခြင်းမရှိခြင်းတို့အပေါ်တွင် မူတည်မနေတော့သည့် ကောင်းမွန်သောအပြောင်းအလဲကို ဖြစ်ပေါ်စေမည်ဖြစ်ပါသည်။
SCF သည် မြန်မာနိုင်ငံရှိ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ထိခိုက်ထားရသည့်သူများအတွက် အခက်အခဲကြုံတွေ့နေရသည့် အချိန်ကာလများကို ကျော်ဖြတ်နိုင်ရန် ပံ့ပိုးကူညီပေးနိုင်ရေးကို အဓိကရည်ရွယ်ထားပါသည်။ ကျွန်ုပ်တို့၏ ပလက်ဖောင်းကို အသုံးပြုရလွယ်ကူစေရန်၊ ရန်ပုံငွေရှာဖွေပေးနေသူများနှင့် ကူညီထောက်ပံ့လိုသူများအတွက် အခမဲ့အသုံးပြုနိုင်ရန်နှင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရန်တို့အတွက် ရည်ရွယ်၍ ဒီဇိုင်းဆွဲထားပါသည်။ ကျွန်ုပ်တို့၏ပလက်ဖောင်းကြောင့် ရရှိနိုင်သော နည်းပညာများနှင့် ရန်ပုံငွေများကို ယခုပင်အသုံးပြုကာ ကမ်ပိန်းများကို ပိုမိုကျယ်ပြန့်စွာမျှဝေပေးနိုင်မည်ဖြစ်သလို နှလုံးသားထဲမှအသံများနှင့် ရည်မှန်းချက်များကိုလည်း ပိုမိုအားကောင်းလာနိုင်စေရန် ကူညီပေးချင်ပါသည်။
SCF တွင် ကျွန်ုပ်တို့သည် လူထု၏ပေးကမ်းမျှဝေမှုနည်းလမ်းကို ကူးပြောင်းကာ ရက်ရက်ရောရောပါဝင်ကူညီပေးလိုကြသည့် နေရာတခုဖြစ်လာစေပြီး အားလုံးအတွက် ကောင်းမွန်သောအပြောင်းအလဲကို အမှန်တကယ်ပြုလုပ်ပေးနိုင်စေရန် ရည်ရွယ်ထားပါသည်။
Spring CrowdFund ဘယ်လိုလုပ်ဆောင်သလဲ
သင် ပြုလုပ်ထားသော ပရောဂျက်များ သို့မဟုတ် ကမ်ပိန်းများသည် ရည်မှန်းထားသည့် ရန်ပုံငွေပမာဏထက်ကျော်လွန်ပြီး အောင်မြင်ခြင်းက မပြောပြတတ်လောက်အောင်ပင် စိတ်ချမ်းသာမှုနှင့် ကျေနပ်ပီတိဖြစ်မှုကို ပေးစွမ်းနိုင်ပါသည်။ ထိုခံစားချက်မှာ တကယ်ကိုနှိုင်းပြလောက်စရာမရှိအောင်ပင် ဖြစ်ပါသည်။ လူသားများအတွက် ၎င်းတို့၏ စိတ်အားထက်သန်လျက်ရှိသော ရည်မှန်းချက်များအတွက် ရန်ပုံငွေရှာဖွေစုဆောင်းရာတွင် ကူညီပေးနိုင်ရန်၊ အထူးသဖြင့် မြန်မာပြည်သူများ၏ တော်လှန်ရေးနှင့် မတရားမှုကို ဆန့်ကျင်တိုက်ပွဲဝင်နေသော ပြည်သူလူထုကို ကူညီပံ့ပိုးပေးရန်မှာ SCF ၏ ရည်မှန်းချက်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ ပလက်ဖောင်းသည် အသုံးပြုရလွယ်ကူခြင်း၊ စိတ်ချလုံခြုံမှုရှိခြင်း၊ အထူးသဖြင့် ကမ်ပိန်းပြုလုပ်သူများနှင့် ပါဝင်အားဖြည့်လှူဒါန်းသူများအတွက် အခမဲ့အသုံးပြုနိုင်ခြင်းတို့မှာ အထူးအားသာချက်များဖြစ်ပါသည်။ သင့်အနေဖြင့် SCF နှင့်အတူ စိတ်ချယုံကြည်ရသော ရန်ပုံငွေရှာဖွေရေးနေရာပလက်ဖောင်းတခုအဖြစ် မည်သည့်အသုံးပြုခမှပေးရန်မလိုပဲ ရန်ပုံငွေရှာဖွေနိုင်မည်ဖြစ်ပါသည်။ သင်၏ ကမ်ပိန်းသည် ရည်မှန်းထားသောပမာဏကို ရောက်ရှိပြီးဆုံးသွားပါက သတ်မှတ်ထားသော သင်၏ နွေဦးဘဏ်(SDB) အကောင့်သို့ အဆင်ပြေချောမွေ့စွာ ငွေလွှဲပြောင်းပေးနိုင်ရန် စီမံဆောင်ရွက်ထားပါသည်။
ကျွန်ုပ်တို့နှင့်အတူလက်တွဲကာ သင်၏ ရန်ပုံငွေရှာဖွေမှုများကို အဓိပ္ပာယ်ရှိသော အကျိုးသက်ရောက်မှုဖြစ်လာအောင် ဖန်တီးလိုက်ပါ။