ကြိုးနဲ့စွန် ကမ်ပိန်းအတွက် SCF တွင်လည်း ဘေးကင်းလုံခြုံစွာ အားဖြည့်နိုင်ပါပြီ

ဖေ့စ်ဘွတ်ခ်မှာမျှဝေပါ
တယ်လီဂရမ်မှာမျှဝေပါ

9 reactions

လက်လုပ်တူမီးကနေ အဆင့်ဆင့်တိုးမြှင့်လာတဲ့ ဒီပွဲမှာ နည်းပညာတွေရဲ့ အကူအညီနဲ့ လေထဲကနေစေလွှတ်လိုက်တဲ့စွန်လေးတွေရဲ့ အခန်းကဏ္ဍ ဆီရောက်နေပါပြီ။ (စွန်လေးကို အစက အဝေးထိန်းစက်နှင့် လွှတ်တယ်၊ ခုတော့ အဆင့်မြင့် ကြိုးလေးနှင့် လွှင့်တယ်။)

မြေပြင်နဲ့ဝေဟင် ဟန်ချက်ညီမှ ကိုယ့်လူတွေ အသက်ဘေးအန္တရာယ်နည်းလို့ အောင်ပွဲပိုများမှာ သေချာတာမို့ အားလုံးပါဝင်အားဖြည့်နိုင်မယ့် “ကြိုးနဲ့စွန်” ကို ပွဲထုတ်လိုက်ပါပြီ။

ကြိုးရှိမှ စွန် ကောင်းကင်ယံမှာ တည့်တည့်ပျံနိုင်သလို၊ ပြည်သူ့ရဲ့ ပံ့ပိုးကူညီမှုဆိုတဲ့ ကြိုးတစ်မျှင်ရှိမှသာလျှင်၊ တော်လှန်ရေးရဲဘော်တွေ သွားရောက်ရင်ဆိုင်ရမယ့်နေရာဆီကို အရှိန်အဟုန်နဲ့ ထိုးဖောက်နိုင်မှာပါ။

စွန်ဟာ အရေးပါပါတယ်။ အရာရောက်ဖို့ ကြိုးလည်း လိုအပ်ပါတယ်။ ဒီလိုပါပဲ တော်လှန်ရေးရဲဘော်စွန်လေးတွေလိုရာ ဝဲပျံနိုင်ဖို့ ပြည်သူ့ထောက်ပို့ကြိုးလေးတွေလိုအပ်နေပါပြီ။

ကောင်းကင်ယံရင်ဆိုင်ပွဲမှာ အတူတူပါဝင်ပြီး မတရားမှုကို အမြစ်ပြတ်ချေမှုန်းဖို့ ကြိုးတစ်စစီကိုင်ကာ ဝိုင်းဝန်းတော်လှန်ပေးကြပါဦး။ ပွဲရှိန်မြှင့်တင်ဖို့ အားလုံးပူးပေါင်းပေးကြပါရန် လေးနက်စွာ နှိုးဆော်အပ်ပါတယ်။

အားဖြည့်နည်း လမ်းညွှန်အဆင့်ဆင့်

SCF