PEACOCK Drone Team ရဲဘော်များအတွက် ကျည်ကာတပ်ဆင် ဒေါင်းဝေဟင်

ဖေ့စ်ဘွတ်ခ်မှာမျှဝေပါ
တယ်လီဂရမ်မှာမျှဝေပါ

5 reactions

ကျည်ကာတပ်ဆင် ဒေါင်းဝေဟင် ပြုလုပ်နေတဲ့ PEACOCK Drone Team ဟာ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ကို အခြေစိုက်ပြီး စစ်ကိုင်းခရိုင်အတွင်း လှုပ်ရှားမှုများအပြင် မြင်းခြံ၊ ငါးဇွန်၊ ယင်းမာပင်၊ ပုလဲ၊ အရာတော်၊ ရေစကြို စတဲ့ ဒေသအသီးသီးက တပ်ရင်းများ၊ Local အဖွဲ့များနှင့် လက်တွဲကာ ရှေ့တန်းမျက်နှာစာ အသီးသီးမှာ သွေးမကွာ၊ သားမကွာ အောင်ပွဲတွေ ဖော်ဆောင်နေတဲ့ အဖွဲ့တစ်ခု ဖြစ်ပါတယ်။

အသက်တွေကိုရင်းပြီး စစ်အာဏာရှင်ကိုတော်လှန်နေတဲ့ ရဲဘော်တွေရဲ့ အသက်အန္တရာယ် လုံခြုံစိတ်ချမှုရှိစေရေးက တော်လှန်အရှိန်မြှင့်တင်နိုင်ရေးအတွက် အရေးကြီးပါတယ်။ အောင်ပွဲများကို ရယူတဲ့အခါ ပြည်သူ့ဘက်တော်သား ရဲဘော်တွေ အထိအခိုက် နည်းနိုင်သမျှနည်းဖို့အတွက် “ကျည်ကာ” ဆိုတာ မရှိမဖြစ် အရေးအကြီးဆုံး လိုအပ်ချက်ပါပဲ။

လက်ရှိမှာတော့ ရှေ့တန်းက ရဲဘော်တွေ တကယ့်ကို လိုအပ်နေတဲ့၊ တောင့်တနေတဲ့ ကျည်ကာအင်္ကျီ၊ ကျည်ကာဦးထုပ် နှင့် ပွိုင့်ဖိနပ်များ တပ်ဆင်ပေးနိုင်ဖို့အတွက် “ကျပ်သိန်း ၂၀၀ ကမ်ပိန်း” ကို မိဘပြည်သူများထံ အကူအညီတောင်းခံရင်း စတင်ထားပါတယ်။ ရရှိသမျှအားလုံးကိုလည်း အလေအလွင့်မရှိ အထိရောက်ဆုံးဖြစ်အောင် အကျိုးရှိရှိအသုံးပြုပါမယ်လို့ ရဲဘော်များမှ ကတိပေးထားပါတယ်။

SCF မှတဆင့် ရဲဘော်တွေအတွက် ဝိုင်းဝန်းပါဝင်ကူညီပေးကြရအောင်။

Richard Phyo, Pinky Htet NOH Agent

SCF