အမေအသက်ရာကျော်ရှည်စေဖို့အတွက် ပြည်သူများရဲ့ မွေးနေ့လက်ဆောင် နှင်းဆီပွင့် ၁၁၀

ဖေ့စ်ဘွတ်ခ်မှာမျှဝေပါ
တယ်လီဂရမ်မှာမျှဝေပါ
အမေအသက်ရာကျော်ရှည်စေဖို့အတွက် ပြည်သူများရဲ့ မွေးနေ့လက်ဆောင် နှင်းဆီပွင့် ၁၁၀
SCF မှာ ပြုလုပ်ခဲ့တဲ့ “SUU 81 BIRTHDAY” ကမ်ပိန်းဟာ နောက်ဆုံးနေ့မှာ ရန်ပုံငွေ သိန်း ၁၁၀၀ ကျော် (နှင်းဆီပွင့် ၁၁၀) အထိ ရောက်ရှိသွားခဲ့ပါပြီ..
ရရှိငွေ ရာနှုန်းပြည့်အားလုံးကို အမေ့ရဲ့သားငယ် Kim ဦးဆောင်တဲ့ Aid to BURMA မှတဆင့် စစ်ဘေးရှောင်ပြည်သူတွေအတွက် လှူဒါန်းထောက်ပံ့မှုတွေပြုလုပ်သွားမှာဖြစ်လို့ အင်မတန်အဓိပ္ပာယ်ရှိတဲ့ မွေးနေ့လက်ဆောင်ဖြစ်ခဲ့ပါပြီ..
အမေ့ကို ချစ်တဲ့၊ မြတ်နိုးတဲ့ ပြည်သူတွေရဲ့ မေတ္တာတရားနဲ့ ခိုင်မာတဲ့ သစ္စာတရားကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူရင်း တစ်ဦးတစ်ယောက်ချင်းစီကို SCF အဖွဲ့သားတွေရဲ့ ရင်ထဲကနေ အထူးပဲ ကျေးဇူးတင်ရှိပါတယ်..
SCF