စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ် အခြေစိုက် အညာပစ်တိုင်းထောင်လေးများအဖွဲ့သည် စစ်ဘေးရှောင်ပြည်သူများ၊ မီးရှို့ဖျက်ဆီးခံခဲ့ရသော ကျေးရွာများနှင့် ပညာရေးကဏ္ဍများအတွက် နိုင်သလောက် အကူအညီနှင့် ထောက်ပံ့မှုများကို အစဉ်တစိုက် ဆောင်ရွက်လျက်ရှိသော လူမှုအကျိုးပြုအဖွဲ့တစ်ခု ဖြစ်ပါသည်။
လက်ရှိတွင် လူငယ်များ လုံခြုံစွာ စုဝေးသင်ယူနိုင်သည့် Community Based Learning Center ကို ဖွင့်လှစ်ထားပြီး၊ အခြေခံကွန်ပျူတာပညာကို အခမဲ့ သင်ကြားပေးခြင်း၊ အမျိုးသမီးများအတွက် အသက်မွေးဝမ်းကြောင်းဆိုင်ရာ သင်တန်းများ ဖွင့်လှစ်ပေးခြင်းနှင့် ကျေးရွာများသို့ ရွေ့လျားစာကြည့်တိုက်များ သွားရောက်ဖွင့်လှစ်ပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။
ယခုကမ်ပိန်းမှ ရရှိလာသော ရန်ပုံငွေများကို အခမဲ့သင်တန်းများ ဆက်လက်ဖွင့်လှစ်နိုင်ရန် လိုအပ်သော ကွန်ပျူတာပစ္စည်းများ၊ သင်ကြားရေးအထောက်အကူပြုပစ္စည်းများ၊ စာအုပ်များနှင့် လုပ်ငန်းလည်ပတ်ရေးအတွက် လိုအပ်သည့် အသုံးစရိတ်များ ဖြည့်တင်းရာတွင် အသုံးပြုသွားမည် ဖြစ်ပါသည်။
ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးနေသော လူငယ်များနှင့် အမျိုးသမီးများအတွက် သင်ယူနိုင်သည့် အခွင့်အရေးများ ဆက်လက်ဖန်တီးပေးနိုင်ရန်နှင့် Community Based Learning Center ကို ရေရှည်တည်တံ့စွာ လည်ပတ်နိုင်ရန် မိဘပြည်သူများ၏ ပါဝင်အားဖြည့်မှုကို လေးစားစွာ ဖိတ်ခေါ်အပ်ပါသည်။








