အရှုံးမပေးနဲ့ရဲဘော် ငါတို့ရှိတယ်

Share to Facebook
Share to Telegram
မျက်နှာမှာ ကြီးမားတဲ့ ထိခိုက်ဒဏ်ရာ မရရှိခင် ရဲဘော်ကိုအောင်မျိုးရဲ့ မှတ်တမ်းဗီဒီယိုများ
ကြင်နာတတ်သော နှလုံးသားပိုင်ရှင် SCF အကြည်ဓာတ်လေးများအားလုံးသို့ Karenni Generation Z (KGZ) မှ ပေးပို့လာသော ကျေးဇူးတင်ဂုဏ်ပြုလွှာ
________________________
ကိုအောင်မျိုးမျက်နှာကို လက်နက်ကြီးစထိတော့ ကျနော်တို့ KGZ တပ်ဖွဲ့ဝင်တွေဟာ ထုံးစံအတိုင်း နီးစပ်ရာအကူအညီ၊ သူ့မိသားစုရဲ့အကူအညီတွေနဲ့ပဲ သူအသက်ရှင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ ကိုအောင်မျိုးဒါဏ်ရာရတဲ့နေရာက သူ့မျက်နှာဖြစ်ပြီး ပျက်စီးသွားတာက မျက်လုံးနှစ်လုံးရဲ့အောက်ပိုင်းက နှာခေါင်း၊ လျှာ၊ သွားတွေ၊ နှုတ်ခမ်းတွေအပါအဝင် မျက်နှာတခုလုံးနီးပါးဆိုတော့ သူ့မှာ အစာစားဖို့မပြောနဲ့ စကား‌တောင်မပြောနိုင်ပါဘူး။ အသက်ရှူဖို့လည်းခက်ပါတယ်။ သူ့ဒါဏ်ရာ‌တွေအတွက်ခွဲစိတ်မှုက အသေးစိတ်မယ့်အပြင် အဆင့်ဆင့်သူ့အချိန်နဲ့သူလုပ်ရမယ်၊ အတိမ်းအစောင်းရှိရင် ပြန်လုပ်ရမယ်ဆိုတာ‌လောက်ပဲသိရပြီး ဘယ်နှခါခွဲစိတ်ရမယ်ဆိုတာ မသိနိုင်ခဲ့ကြပါဘူး။ အဲဒီ့လိုအခြေအနေမှာ သူနဲ့သူ့မိသားစုအပါအဝင် ကျနော်တို့အားလုံး ဘာကိုမျှော်လင့်ရမလဲဆိုတာ မသိခဲ့ပါဘူး။
နောက်တော့ SCF ကကူညီပြီး ကို‌အောင်မျိုးအတွက်ဆေးကုဖို့ ကန်ပိန်းတခုလုပ်ပေးမယ်လို့သိရလို့ အလွန်အားတက်ခဲ့ရပါတယ်။ ကမ်ပိန်း စလိုက်ကတည်းက ကူကြသူတွေ အင်နဲ့အားနဲ့ပါဝင်လာခဲ့ကြတယ်။ ကူငွေရရှိနှုန်းဘားတန်းကလေး အဖြူရောင်ကနေ အပြာရောင်ပြောင်းလာတာ၊ ကျယ်ပြန့်လာတာကိုကြည့်ပြီး ဝမ်းသာ‌နေကြရပါတယ်။ ကမ်ပိန်းစပြီး ၂ရက်အကြာမှာ လိုချင်တဲ့ပမာဏကျပ်သိန်း ၃၅၀ ရဲ့တဝက်ကို ကျော်လွန်ရရှိခဲ့ပြီး ကန်ပိန်းပြီးဆုံးဖို့ တပတ်အလိုမှာ ၁၀၀% ပြည့်သွားခဲ့ပါပြီ။ သတ်မှတ်ရက်ပြည့်ချိန်မှာတော့ ရရှိငွေစုစုပေါင်းက မျှော်မှန်းပမာဏထက်ကို ၁၀% ကျော်လွန်ခဲ့ပါတယ်။
ဒီကမ်ပိန်းရဲ့ရလဒ်ဟာ “အရှုံးမပေးနဲ့ရဲဘော် … ငါတို့ရှိတယ်” ဆိုပြီး ကမ္ဘာ့နေရာအသီးသီးမှာရှိတဲ့ပြည်သူလူထုက ကျယ်ကျယ်လောင်လောင် ကြွေးကြော်လိုက်သလိုပါပဲ။ ပြည်သူတွေရဲ့အသံကို ကိုအောင်မျိုးနဲ့ကျနော်တို့အားလုံး ကြားနိုင်အောင် SCF ကထိထိရောက်ရောက် ကူညီပို့ဆောင်ပေးခဲ့ပြီး ကျနော်တို့လည်း ပီပီသသကြားခဲ့ရလို့ အလွန်ပဲအားတက်ခဲ့ရပါတယ်။ အခုလိုထိရောက်တဲ့အကူအညီရခဲ့တဲ့အတွက် ရင်ထဲကလှိုက်လှိုက်လှဲလှဲကြီးကို ကျေးဇူးတင်မိပါတယ်။
Spring Crowd Fund (SCF) အကြည်ဓာတ်လေးများမှ ထောက်ပံ့လှူဒါန်းပေးပါသော အလှူငွေ AUD 330, GBP 728, JPY 46,000, KRW 20,000, MMK 21,090,485.32, MYR 230, SGD 946, THB 34,580, နဲ့ USD 867 တိတိကို ဒီနေ့မှာ ကျနော်တို့လက်ခံရရှိပြီးပါပြီ။ ကိုအောင်မျိုး အရင်အတိုင်းအနီးစပ်ဆုံးပြန်နေနိုင်ဖို့အတွက် ဒီငွေတွေကို အလေအလွင့်မရှိအသုံးချပြီး သူ့ကိုဆေးကု‌ပေးပါမယ်လို့ ကတိပေးပါတယ်ဗျ။
မှ… Karenni Generation Z (KGZ)
အကြည်ဓာတ်လေးများ၏ ထောက်ပံ့ကူညီမှုများကြောင့် ခွဲစိတ်ကုသမှုခံယူနိုင်ခဲ့ပြီး ကျန်းမာရေးတိုးတက်ကောင်းမွန်လာသော အကိုအောင်မျိုး
SCF