အမေ့အတွက် ပြည်သူများရဲ့ မွေးနေ့လက်ဆောင် နှင်းဆီ ၈၁ ပွင့် ပေးနိုင်ခဲ့ပါပြီ

Share to Facebook
Share to Telegram

1 reactions

မေမေ…
နေကောင်းလားမေမေ…
ပြည်သူတွေကတော့ အမေ့ကိုချစ်နေဆဲဆိုတာ SCF နဲ့အတူ ထပ်ပြီးသက်သေပြနိုင်ခဲ့ပါပြီ..
အမေပြောဖူးတဲ့စကားလေး မှတ်မိတယ်..
“မေတ္တာပေးတဲ့သူဘက်ကသာ စစ်မှန်ရင် လက်ခံရရှိသူဘက်ကလည်း ခံစားပြီးသိနိုင်တယ်တဲ့”
အခုဆိုရင် ပြည်သူတွေရဲ့ မေတ္တာတွေကြောင့် SCF မှာ ပြုလုပ်နေတဲ့ SUU 81 BIRTHDAY ကမ်ပိန်းဟာ နှင်းဆီ ၈၁ ပွင့် (သိန်း ၈၁၀) ကို ကျော်လွန် အောင်မြင်သွားခဲ့ပါပြီ..
ဒီကမ်ပိန်းကနေ ရရှိတဲ့ငွေတွေအားလုံးကို အမေ့ရဲ့ သားငယ် Kim ဦးဆောင်တဲ့ Aid to BURMA မှတဆင့် အကူအညီ လိုအပ်နေတဲ့နေရာတွေက စစ်ဘေးရှောင် ပြည်သူတွေအတွက် ထောက်ပံ့လှူဒါန်းပြီး အမေ့အတွက် မွေးနေ့ကုသိုလ် ပြုလုပ်သွားမှာပါ..
ပြည်သူတွေ တစ်ဦးနဲ့တစ်ဦး စည်းလုံးတယ် ကူညီတယ်ဆိုတာ အမေ့စကားကို နားထောင်တာပါ..
ဒီမွေးနေ့ကုသိုလ်နဲ့အတူ အမေ မနက်ခင်းနိုးထတိုင်းမှာ စိတ်ကြည်လင် လန်းဆန်းပါစေ..
ညအိပ်ရာဝင်တိုင်း ပူပင်သောကကင်းပါစေ..
ကျန်းကျန်းမာမာ ပြန်လည်ဆုံတွေ့ချင်ပါတယ်..မွေးနေ့မှာပျော်ရွှင်ပါစေ အမေ.. 🌹
SCF