Dreams Rescue Team ရဲ့ “မေတ္တာဖြင့်ဆက်သွယ် လူ့အသက်ကယ်” ကမ်ပိန်းကို SCF platform မှာ လုံခြုံစိတ်ချစွာ ထောက်ပို့လိုက်ပါ

Share to Facebook
Share to Telegram

3 reactions

“မေတ္တာဖြင့်ဆက်သွယ် လူ့အသက်ကယ်” ဆိုတဲ့အတိုင်း… Dreams Rescue Team ရဲ့ အဓိကရင်ဆိုင်နေရတဲ့ ဆက်သွယ်ရေးအခက်အခဲတွေကို အတူတူကျော်ဖြတ်ပြီး လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ဖို့ ဒီ Campaign လေးကို ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။

ဒီကမ်ပိန်းကနေတစ်ဆင့် Dreams Rescue Team အဖွဲ့အတွက် အရေးတကြီးလိုအပ်နေတဲ့ Starlink စနစ်၊ လူနာတင်ကားပြုပြင်စရိတ်၊ ဆေးဝါးနဲ့ ရိက္ခာတွေကို ဖြည့်တင်းသွားမှာပါ။

▪️ Mini Starlink က ဘာကြောင့် ဒီလောက်အရေးကြီးတာလဲ။

ရှေ့တန်းနဲ့ နောက်တန်း စနစ်တကျ ချိတ်ဆက်နိုင်ဖို့တင်မကဘဲ ရဲဘော်တွေရဲ့ အသိပညာ၊အတတ်ပညာများ တိုးတက်လာအောင် လေ့လာနိုင်ရေးအတွက်ပါ ဒီစနစ်က မရှိမဖြစ် လိုအပ်နေလို့ပါ။

Mini Starlink ကို လူနာတင်ကားတွေ၊ စခန်းတွေမှာ တပ်ဆင်ထားခြင်းအားဖြင့် အရေးပေါ်လူနာနဲ့ကြုံရချိန်မှာ မိမိတို့မကျွမ်းကျင်တဲ့ ဆေးဝါးကုသမှုပိုင်းတွေကို သက်ဆိုင်ရာ ဆရာဝန်ကြီးတွေနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး ညွှန်ကြားချက်အတိုင်း ချက်ချင်းအသက်ကယ်ဆယ်နိုင်မှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ Dreams Rescue Team ဟာ အသက် ၁၈၊ ၁၉ နှစ်အရွယ် လူငယ်လေးတွေနဲ့ အဓိကဖွဲ့စည်းထားတာပါ။ ဒါကြောင့် နောက်တန်းအားလပ်ချိန်တွေမှာ အွန်လိုင်းကတစ်ဆင့် (Online Classes၊ ဆေးဝါးပညာရပ်) အသိပညာ၊ အတတ်ပညာတွေကို ဆက်လက်လေ့လာခွင့်ရမှာ ဖြစ်ပါတယ်။ ပညာရေးဟာ တော်လှန်ရေးအတွက် အရေးပါတဲ့ အခြေခံအုတ်မြစ်တွေထဲက တစ်ခုလို့ ကျွန်တော်တို့ အပြည့်အဝ ယုံကြည်ပါတယ်။

▪️ ကားပြုပြင်စရိတ်

ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်နဲ့တပြေးညီ လျင်လျင်မြန်မြန် လည်ပတ်နိုင်ဖို့ဆိုရင် လူနာတွေ၊ ရိက္ခာနဲ့ ဆေးဝါးတွေကို သယ်ယူပို့ဆောင်ပေးနေတဲ့ ကယ်ဆယ်ရေးကားတွေ ကောင်းမွန်နေဖို့ လိုအပ်တာကြောင့် ကားပြုပြင်ထိန်းသိမ်းစရိတ်ကလည်း အင်မတန် အရေးကြီးနေပါတယ်။

▪️ ဆေးဝါးနှင့် ကယ်ဆယ်ရေးပစ္စည်းများ

ရှေ့တန်းက ရဲဘော်တွေ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အထိရောက်ဆုံး လုပ်ဆောင်နိုင်ဖို့ ဆေးဝါးက အဓိကအသက်သွေးကြောပါ။ အဓိကအားဖြင့် အရေးပေါ် ရှေးဦးသူနာပြုစုခြင်း (First Aid) ပစ္စည်းတွေ ဝယ်ယူဖို့ ရည်ရွယ်ထားပါတယ်။

▪️ ရိက္ခာဖြည့်တင်းခြင်း

နောက်ဆုံးတစ်ခုအနေနဲ့ကတော့ ရှေ့တန်းရော နောက်တန်းပါ အင်အားပြည့်ပြည့်ဝဝနဲ့ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ရိက္ခာတွေကို ဖြည့်တင်းသွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့… မိဘပြည်သူများအနေနဲ့ SCF နဲ့အတူ ပူးပေါင်းပါဝင် ကူညီထောက်ပံ့ပေးကြပါဦးလို့ လေးစားစွာဖြင့် ဖိတ်ခေါ်အပ်ပါတယ်။ ကျွန်တော်တို့အဖွဲ့ရဲ့ ဆောင်ပုဒ်အတိုင်း ပြည်သူလူထုနဲ့အတူ လက်တွဲပြီး မြေပြင်ဒေသများမှ ပြည်သူတွေ၊ ရဲဘော်တွေရဲ့ အသက်ခန္ဓာကို အတူတူ ဝိုင်းဝန်းကယ်ဆယ်ကြရအောင်ပါခင်ဗျာ။

”ပြည်သူ့အားဖြင့် အသက်ကယ်မည်”

Dreams Rescue Team

“သတင်းပြန့်နှံမှုအားကောင်းဖို့ share ပေးပါ

အတူတူ ထောက်ပို့ချင်ပေမဲ့ မသိသေးတဲ့ သူငယ်ချင်းတွေ အများကြီးရှိနေပါတယ်”

SCF