မြန်မာငွေကျပ် သိန်း ၁၀၀၀ ကျော်အထိ ကူညီထောက်ပံ့နိုင်ခဲ့တဲ့ “ဒဏ်ရာများအတွက်ဓာတ်မှန်စက် မင်းတို့အတွက် ဦးလေးသက်”

Facebook
Telegram

SCF Platform မှာ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်မှ ဩဂုတ်လ ၂၄ ရက်နေ့အထိ U Kyaw Thet Linn ဦးဆောင်ပြုလုပ်ခဲ့တဲ့ “ဒဏ်ရာများအတွက် ဓာတ်မှန်စက် မင်းတို့အတွက် ဦးလေးသက်” ကမ်ပိန်းအတွက် မူလကမ်ပိန်းတားဂတ် မြန်မာငွေကျပ် သိန်း ၈၀၀ ကိုကျော်လွန်ကာ ၁၀၈,၀၅၁,၁၀၄ ကျပ် (သိန်း ၁၀၈၀ ခန့်) အထိ ရရှိခဲ့ပြီး ပါဝင်ထောက်ပို့ပေးခဲ့ကြတဲ့ မိဘပြည်သူများအားလုံးကို ကျေးဇူးတင်ရှိပါတယ်။

ဝယ်ယူနိုင်ခဲ့တဲ့ ဓာတ်မှန်စက်နှစ်လုံးကိုလည်း မြေပြင်ဆေးခန်းများသို့ ရောက်ရှိသွားပြီဖြစ်တာကြောင့် ရဲဘော်များရဲ့ အသက်တွေကို ထိရောက်စွာ ကယ်တင်နေပြီဖြစ်ပါတယ်။

SCF Platform အနေဖြင့်လည်း ထောက်ပို့ပြည်သူများနှင့် မြေပြင်အဖွဲ့အစည်းများအတွက် ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရတဲ့ ဝန်ဆောင်မှုများ၊ လုပ်ငန်းစဉ်များ၊ နည်းပညာအဆင့်မြှင့်တင်မှုများဖြင့် ထောက်ပို့အရှိန်မြှင့်တင်ပေးနိုင်အောင် ဆက်လက်ကြိုးစားသွားမှာဖြစ်ပါတယ်။

SCF အသုံးပြုရန်နှိပ်ပါ

3 reactions

SCF