၁၄ ရက်အတွင်း မြန်မာငွေကျပ် ၁.၆၅ ဘီလီယံနီးပါး ကူညီထောက်ပံ့နိုင်ခဲ့သော ” မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာကူညီပေး “

Facebook
Telegram

၂၀၂၅ မတ်လ ၂၈ ရက် မြန်မာ စံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ် ၅၄ စက္ကန့်တွင် မြန်မာနိုင်ငံ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့အနီးကို အခြေပြုပြီး ရစ်ခ်တာစကေး ၇.၇-၇.၉ ပြင်းအားရှိသည့် ငလျင်ကြီးတစ်ခုလှုပ်ခတ်ခဲ့ပြီး ပြည်သူပေါင်းများစွာ ငလျင်ဘေးဒဏ်ခံစားခဲ့ရသည်။

အဆိုပါ ငလျင်ဘေးကြောင့် အရေးပေါ်အမြန်ဆုံး ထောက်ပံ့အကူအညီလိုအပ်နေရှာသော နေရာဒေသအသီးသီးအတွက် နိုင်ငံအရပ်ရပ်မှ Spring Development Bank ၊ အောင်လံလွှင့်ချီ နွေဦးထီ ၊ Spring CrowdFund မိသားစုများနှင့် အသုံးပြုသူများစုပေါင်းကာ ” မြေငလျင်သဘာဝဘေး၊ ထောက်ပံ့စာနာကူညီပေး ” ကမ်ပိန်းကို SCF platform တွင် မတ်လ ၂၈ ရက်မှ ဧပြီလ ၁၁ ရက်အထိ ပြုလုပ်ခဲ့ပြီး မူလမျှော်မှန်းပမာဏ သိန်း ၁၅၀၀ ကို ကျော်လွန်ကာ၊ ၁၄ ရက်အတွင်း စုစုပေါင်း 1,646,770,255 MMK (ကျပ်ငွေ ၁.၆၅ ဘီလီယံနီးပါး) ထောက်ပံ့ကူညီပေးနိုင်ခဲ့ပါသည်။

ရရှိခဲ့သော ရန်ပုံငွေများအားလုံးကို အမျိုးသားညီညွတ်ရေးအစိုးရ၏ Ministry of Humanitarian Affairs and Disaster Management – NUG (နောက်ပိုင်းတွင် Ministry of Social, Labour and Humanitarian Affairs – NUG is Meta Verified ဟုပြောင်းလဲခဲ့) ဝန်ကြီးဌာနသို့

  • ပထမအကြိမ်အဖြစ် – သိန်း ၂၀၀၀ ကျပ်တိတိ

 

 

 

 

 

 

  • ဒုတိယအကြီမ်အဖြစ် – သိန်း ၂၅၀၀ ကျပ် တိတိ

 

 

 

 

 

 

  • တတိယအကြိမ်အဖြစ် – သိန်း ၂၇၀၀ ကျပ်တိတိ

 

 

 

 

 

 

  • စတုတ္ထအကြိမ်အဖြစ် – သိန်း ၂၈၀၀ ကျပ် တိတိ

 

 

 

 

 

 

  • ပဉ္စမအကြိမ်အဖြစ် – သိန်း ၃၀၀၀ ကျပ် တိတိ

 

 

 

 

 

 

  • ဆဌမအကြိမ်အဖြစ် – သိန်း ၂၀၀၀ ကျပ် တိတိ

 

 

 

 

 

 

  • သတ္တမအကြိမ်အဖြစ် – ၁၄၆,၇၇၀,၂၅၅ ကျပ်တိတိတို့ကို

 

 

 

 

 

 

အချိန်နှင့်တပြေးညီလွှဲပြောင်းပေးခဲ့ကာ ယုံကြည်စိတ်ချရသော စနစ်တကျ စီမံခန့်ခွဲမှုများနှင့်အတူ မြေပြင်တွင် အရေးပေါ်အကူအညီလိုအပ်နေရှာသော ငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအတွက် မြန်ဆန်ထိရောက်စွာ ကူညီထောက်ပံ့ပေးခဲ့ပါသည်။

အတူပါဝင်ကူညီပေးခဲ့ကြသော ပြည်သူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။

 

(Ministry of Social, Labour and Humanitarian Affairs – NUG is Meta Verified Page တွင်ဖော်ပြထားသော ငလျင်ဘေးသင့်ဒေသများသို့ ကူညီထောက်ပံ့မှုပေးနိုင်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ)

1 reactions

SCF