ထောက်ပို့ဖို့ စိတ်ပူနေတာ အပြစ်မဟုတ်ပါဘူး
လုံခြုံရေးစိတ်ပူတယ်
နည်းနည်းပဲကူနိုင်လို့ မထိရောက်မှာစိတ်ပူတယ်
မြေပြင်ကို တကယ်မရောက်မှာစိတ်ပူတယ်
ပြည်တွင်းဆိုရင် အပြင်သွားနေတုန်း messenger ကနေ စာဝင်လာမှာ စိတ်ပူတယ်
ကိုယ့်အချက်အလက်တွေ ပေါက်ကြားသွားမှာစိတ်ပူတယ်
ဒီလိုအခက်အခဲတွေကြောင့် အတူထောက်ပို့ချင်ပါလျက်နဲ့ မပါဝင်နိုင်ဖြစ်နေတဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်ရက်ပါဘူး။ ဒါပေမဲ့ ဒီလိုစိုးရိမ်စိတ်တွေကြောင့်နဲ့တော့ တော်လှန်ခရီးမှာ ဆက်မလျှောက်တော့ပဲ ရပ်တန့်သွားတာမျိုးလည်း မဖြစ်စေချင်ပါဘူး။တော်လှန်ပြည်သူ အကြည်ဓာတ်လေးတွေကို အကောင်းဆုံးကူညီပေးနိုင်ဖို့အတွက် လုံခြုံစိတ်ချမှုအပြည့်ရှိတဲ့ SCF platform က အမြဲအသင့်ရှိနေပါပြီ။
ကိုယ်တိုင်လည်း လုံခြုံအောင်နေပါ။ ကျန်းမာရေးဂရုစိုက်ပါ။ ပြန်စရာအိမ်တောင် မရှိရှာတော့တဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက်၊ ခက်ခဲကြမ်းတမ်းတဲ့ ရှေ့တန်းမြေပြင်မှာ အသက်တွေကိုရင်းပြီး ကြိုးစားနေကြတဲ့ ရဲဘော်တွေအတွက်လည်း.. စိုးရိမ်ပူပန်မှုတွေကို SCF နဲ့အတူ ကျော်လွှားပြီး စုစည်းညီညွတ်စွာ ထောက်ပို့ကြရအောင်







